အနန်းကွင်းဗျူဟာစခန်းမှ လက်နက်ကြီးကြောင့် ဝင်းခနရွာရှိ အမျိုးသမီး(၃)ဦး ဒဏ်ရာရ - ကေအိုင်စီ
1 Articles
1 Articles
အနန်းကွင်းဗျူဟာစခန်းမှ လက်နက်ကြီးကြောင့် ဝင်းခနရွာရှိ အမျိုးသမီး(၃)ဦး ဒဏ်ရာရ - ကေအိုင်စီ
ဇွန် (၂၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ဝင်းရေးမြို့နယ်ထဲရှိ အနန်းကွင်း စစ်အုပ်စုဗျူဟာစခန်းမှ ယမန်နေ့ ဇွန်လ (၂၁)ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝင်းခနရွာရှိ အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ယမန်နေ့ ညနေ (၅)နာရီဝန်းကျင်တွင် အဆိုပါ အနန်းကွင်းစစ်ဗျူဟာတပ်စခန်းမှ လက်နက်ကြီး(၈)လုံးပစ်ခတ်ခဲ့၍ ဝင်းခနရွာနှင့် ပန်းအောင်ရွာထဲသို့ကျရောက်ပေါက်ကွဲပြီး လူနေအိမ်ထိခိုက်မှုအပြင် ဝင်းခနရွာရှိ ညီအစ်မ(၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများကပြောသည်။ “မနေ့က ညနေ(၅)နာရီကျော်ကျော်မှာ ပစ်တယ်။ ရွာထဲမှာကျတော့ သူများအိမ်ခြံထဲက အုန်းပင်တွေထိပြီး အဲဒီအစနဲ့ နော်လေးလေးမူနဲ့ မချိုတို့ ဒဏ်ရာရတာ။ တစ်ယောက်က ခြေထောက် ထိတယ်၊ တစ်ယောက်က ဗိုက်မှာထိတယ်”ဟု မျက်မြင်တွေ့ရှိသူ ဝင်းခနရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။ လက်နက်ကြီးပစ်ခတ်မှုအတွင်း ဝင်းရေးချောင်းအနီး ကုန်းပေါ်ရှိ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium
