ကေအဲန်ယူ ဝင်းရေးမြို့နယ်ရှိ ကျေးရွာအချို့ ဝက်နာကျရောဂါများ ရွာလုံးကျွတ်ဖြစ်ပွား - ကေအိုင်စီ
1 Articles
1 Articles
ကေအဲန်ယူ ဝင်းရေးမြို့နယ်ရှိ ကျေးရွာအချို့ ဝက်နာကျရောဂါများ ရွာလုံးကျွတ်ဖြစ်ပွား - ကေအိုင်စီ
ဇူလိုင် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၊ ဝင်းရေးမြို့နယ်အတွင်းရှိ ကျုံခဝန်၊ ဖားပြ၊ နို့ဖာထော စသည့် ကျေးရွာအချို့တွင် အိမ်မွေးဝက်များ ဝက်နာကျသည့်ရောဂါ ရွာလုံးကျွတ်အတိုင်းအတာဖြင့် ဖြစ်ပွားနေကြောင်း ဒေသခံလူထုပြောပြချက်အရ သိရသည်။ မိုးရာသီစတင်ကျရောက်သည့်ကာလ ဇွန်လပိုင်းမှစ၍ လက်ရှိအချိန်ထိ ကျေးရွာအချို့တွင် ဝက်နာကျမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ တစ်နိုင်တစ်ပိုင်မွေးမြူထားသည့်ဝက်များ သေဆုံးကုန်သဖြင့် အချိန်ကုန်၊ ငွေကုန် နစ်နာမှုရှိကြောင်း ဝင်းရေးမြို့နယ်ရှိ ဒေသခံဝက်မွေးမြူသူများက ပြောသည်။ “ထိတာက တစ်လကျော်သွားပြီ၊ မိုးမများခင်ကတည်းကဆို (၂)လလောက်ရှိပြီပေါ့။ ထိပြီးသေသွားတာ အများကြီးပဲ။ ကျမနှစ်ကောင်မွေးထားတယ် အကုန်သေတယ်။ တစ်ကောင်ကို ပိဿာနှစ်ထောင်ကျော်တယ် နှမြောတာပေါ့”ဟု ကျုံခဝန်ရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ ဝက်နာကျရောဂါမှာ နှာချေခြင်း၊ ကိုယ်ပူခြင်း၊ မျက်လုံးမဖွင့်နိုင်ခြင်း၊ လဲလျောင်းနေခြင်း […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium
