ဌာနေသားဖွားဆရာမများကို ကာကွယ်ပေးရန် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ကော်မတီနှင့် KWO တောင်းဆို - ကေအိုင်စီ
2 Articles
2 Articles
Salween Peace Park, KWO Call for Protection of Indigenous Midwives
The joint call marked the international observance on August 9, held this year under the theme “Honoring Indigenous Midwives: Safeguarding Life and Well-being.” Saw Paul Sein Twa, chairman of the Salween Peace Park Committee, highlighted the indispensable role these traditional birth attendants—known locally as let-thaes—play as frontline caregivers amidst widespread military conflict and displacement. “When hospitals and clinics are forced to c…
ဌာနေသားဖွားဆရာမများကို ကာကွယ်ပေးရန် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ကော်မတီနှင့် KWO တောင်းဆို - ကေအိုင်စီ
ဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ပဋိပက္ခဒေသများတွင်ပိုမိုအားထားနေရသော ဌာနေတိုင်းရင်းသား သားဖွားဆရာမ(ရိုးရာလက်သည်) များကို ကာကွယ်ပေးရန်လိုအပ်ကြောင်း ဩဂုတ်လ(၉)ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့တွင် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကော်မတီနှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWO တို့က တိုက်တွန်းတောင်းဆိုသည်။ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့၊ ဆောင်ပုဒ်တွင် ဌာနေတိုင်းရင်းသား သားဖွားဆရာမများအား ဂုဏ်ပြုခြင်း၊ အသက်ဇီဝနှင့်ကျန်းမာသုခများကို ကာကွယ်စောင့်ရှောက်စို့ဟု သတ်မှတ်ထုတ်ပြန်ထားခြင်းဖြစ်သည်။ လက်ရှိဒေသတွင်းအခြေအနေသည် ထိုဆောင်ပုဒ်နှင့်ကိုက်ညီနေသည့်အတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကော်မတီဥက္ကဌ စောပေါလ်စိန်ထွားက ပြောသည်။ “ရပ်ရွာ ဒေသမှာ ဆေးရုံ၊ ဆေးခန်းမရှိတဲ့အချိန် ဒီလက်သည်တွေကပဲ မိခင်တွေ ကိုယ်ဝန်ဆောင်ချိန်ကစပြီး ကလေးမွေးပြီးတဲ့အထိ တာဝန်ယူကြည့်ပေးရတာ။ အခက်အခဲတွေကြားက သူတို့က လုပ်ဆောင်ပေးနေရတာ။ သူတို့ဟာ ရှေ့တန်းမှာ လိုအပ်ချက်တွေကို တာဝန်ယူထားတာဖြစ်တယ်။ သူတို့ရဲ့တာဝန်က အရမ်းကြီးတယ်။ ဒါကို အသိမှတ်ပြုသင့်တာအမှန်ပဲ” […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium
