လက်နက်ကြီးရန်ကြောင့် လယ်ဒိုမြို့နယ်ရှိ စစ်ရှောင်တောင်သူများ လယ်စိုက်ရန် အခက်ကြုံနေရ - ကေအိုင်စီ
1 Articles
1 Articles
လက်နက်ကြီးရန်ကြောင့် လယ်ဒိုမြို့နယ်ရှိ စစ်ရှောင်တောင်သူများ လယ်စိုက်ရန် အခက်ကြုံနေရ - ကေအိုင်စီ
ဇွန်လ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်အုပ်စုတပ်၏ မကြာခဏဆိုသလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်လျက်ရှိသောကြောင့် လယ်ယာစိုက်ပျိုးရန် အခက်အခဲ ကြုံနေရသည်ဟု ဒေသခံစစ်ရှောင်တောင်သူများ၏ ပြောပြချက်အရ သိရ သည်။ လက်ရှိ နယ်မြေမတည်ငြိမ်သည့်အပြင် လုံခြုံမှုမရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာဒေသခံများသည် မိုးစပါးစိုက်ပျိုးချိန်ကာလ ရောက်လာသော်လည်း စစ်အုပ်စုတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် စိုက်ပျိုး လုပ်ကိုင်ရာတွင် အခက်အခဲများကို ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။ “လယ်ထဲ သွားရင် လက်နက်ကြီးသံတွေကို နားစွင့်ပြီး လုပ်နေရတယ်။ လှမ်းလှမ်းပစ်ရင် ရွာအစပ်နားက လယ်တဲနေရာထိ ခဏခဏ လာကျတယ်။ သတိထားပြီး နေကြရတာပေါ့။ အသံကြားရင် မြေကြီးပေါ် ဝပ်ချလိုက်ရတာပဲ”ဟု စစ်ရှောင် လယ်သမားတစ်ဦးက […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium
