လယ်ဒိုတွင် နှစ်ရက်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၄) ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ - ကေအိုင်စီ
1 Articles
1 Articles
လယ်ဒိုတွင် နှစ်ရက်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၄) ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ - ကေအိုင်စီ
ဩဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း ဩဂုတ်လ(၆)ရက်နှင့်(၉)ရက်နေ့တို့တွင် လက်နက်နှင့်တကွ စစ်အုပ်စုတပ်ဖွဲ့ဝင်(၄) ဦး တပ်မဟာ(၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း (၉) ထံသို့ ဘက်ပြောင်းခိုလှုံလာကြောင်း ကေအဲန်ယူ-ဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဩဂုတ်လ(၆)ရက်နေ့က စစ်အုပ်စု၏ ခြေလျှင်တပ်ရင်း ခလရ-၆၀ မှတပ်ဖွဲ့ဝင် မျိုးမင်းဦးသည် လက်နက်နှင့်တကွ KNLA ထံ ခိုလှုံလာခြင်းဖြစ်သည်။ ဩဂုတ်လ(၉)ရက်နေ့တွင်လည်း စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ-၅၉၆ မှ မိုးအေး၊ မင်းခန့်၊ ရဲမင်းအောင် ဆိုသူ တပ်ဖွဲ့ဝင် (၃) ဦးတို့ ဆက်လက်ဘက်ပြောင်းလာရာ နှစ်ရက်အတွင်း စုစုပေါင်း (၄)ဦးရှိလာသည်ဟု ကေအဲန်ယူက ပုံနှင့်တကွ ဖော်ပြသည်။ ၎င်းတို့(၄) ဦးမှာ စစ်အုပ်စု၏အုပ်ချုပ်မှုအောက်တွင် […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium
