ထိုင်းကသွင်းလာသည့် စားသောက်ကုန်များ စစ်အုပ်စု ဖမ်းဆီးနေ၍ သယ်ယူခ သုံးဆခန့် ဈေးတက် - ကေအိုင်စီ
1 Articles
1 Articles
ထိုင်းကသွင်းလာသည့် စားသောက်ကုန်များ စစ်အုပ်စု ဖမ်းဆီးနေ၍ သယ်ယူခ သုံးဆခန့် ဈေးတက် - ကေအိုင်စီ
ဇူလိုင် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်မြို့ဘက်မှ ကရင်ပြည်နယ်အတွင်းရှိကျေးရွာများသို့ ပို့သည့် ထိုင်းစားသောက်ကုန်များကို မြဝတီ-ကော့ကရိတ် လမ်းပိုင်းနှင့် ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းပေါ်ရှိ စစ်အုပ်စုဂိတ်များက ဖမ်းဆီးသိမ်းဆည်းနေခြင်းကြောင့် ယခု ဇူလိုင်လအတွင်း သယ်ယူခ သုံးဆခန့် မြင့်တက်လာကြောင်း ပို့ခ ကိုယ်တိုင်ပိုပေးခဲ့ရသူများက ပြောသည်။ ယခင်က မြဝတီ-မဲဆောက်မှ ကျုံဒိုး-ကော့ကရိတ်သို့ ပါဆယ်ပို့ခ ဆီတစ်ဖာလျှင် ဘတ် ၅၀ မှ ၇၀ ဘတ်ခန့်အထိသာ ရှိခဲ့ရာမှ လက်ရှိ ထိုင်းစားသောက်ကုန်များ ဖမ်းဆီးသိမ်းဆည်းခံရသည့်အခြေအနေကြောင့် နယ်စပ်မှ ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများသို့ ပို့ခ စားသုံးဆီတစ်ဖာလျှင် ဘတ် ၂၀၀ အထိ တက်လာသည်ဟု ဆိုသည်။ “ကျမတို့ နဘူးအိမ်ကို မဲဆောက်ကနေ ဆန်၊ ဆီနဲ့ မုန့်တွေ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium
