BGF နှင့် DKBA ထိန်းချုပ်နေရာ ကျားဖြန့်ရုံးခန်းများတွင် လူပေါင်း (၁၃,၀၀၀) ထက်မနည်း ပိတ်မိနေ - ကေအိုင်စီ
1 Articles
1 Articles
BGF နှင့် DKBA ထိန်းချုပ်နေရာ ကျားဖြန့်ရုံးခန်းများတွင် လူပေါင်း (၁၃,၀၀၀) ထက်မနည်း ပိတ်မိနေ - ကေအိုင်စီ
ဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်ရှိ၊ ကရင်နယ်ခြားစောင့်တပ်-BGF/KNA နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)နယ်မြေ၊ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)ရုံးခန်းများတွင် ပိတ်မိသူ အနည်းဆုံး (၁၃,၀၀၀) ဦး ရှိနေသည်ဟု လူကုန်ကူးခံရသူများအား ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ရက်(CSNHTV) ၏ ဩဂုတ်လ(၆)ရက်နေ့ အစီရင်ခံထုတ်ပြန်ချက်အရ သိရသည်။ လက်နက်ကိုင်အဖွဲ့အစည်းများအောက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အကြီးအကျယ် လည်ပတ်နေကာ နိုင်ငံပေါင်းစုံမှ ထောင်ပေါင်းများစွာသော လူကုန်ကူးခံရသူများကို ဖမ်းဆီးချုပ်နှောင်ပြီး အဓမ္မခိုင်းစေသည့်အခြေအနေများကို အဆိုပါထုတ်ပြန်ချက်က မီးမောင်းထိုးပြထားခြင်းဖြစ်သည်။ CSNHTV ၏ အစီရင်ခံစာအရ BGF/KNA ပါဝင်ထိန်းချုပ်ထားသည့် နယ်စပ်မြို့ မြဝတီတောင်ဘက်၊ ဖလူးဒေသတွင် လူဦးရေ(၅,၀၀၀)ဝန်းကျင်၊ သောင်ရင်းမြစ်အနီး ရှိခါးယာဆိပ်ကမ်းနေရာအနီး (၃,၀၀၀)ဝန်းကျင်နှင့် အောင်တော်မူဘုရားအနီးရှိ တောတွင်းတစ်နေရာတွင် (၃၀၀) ဝန်းကျင်ခန့် ကျားဖြန့်လုပ်ငန်းများမှ မလွတ်မြောက်ဘဲရှိနေသည်ဟု ဆိုသည်။ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium
